ဝေးသွားတဲ့အခါ

ဝေးသွားတဲ့အခါ

ဝေးသွားတဲ့အခါ နှလုံးသားမှာ အမြဲတမ်းသတိရနော်
ကြင်နာခဲ့ဖူးတဲ့အချိန်အခါများ ပြန်လည်ရယူဖို့ရာ မဖြစ်နိုင်တော့တဲ့အခါ
ရင်ထဲမှာ ပြန်တမ်းတ မြင်ယောင်လိုက်ပါ
ရင်ခုန်သံနွေးထွေးစွာ
မှေးအိပ်မပျော်တဲ့ မေ့စက်ရာထက်ရာ

ဝေးသွားတဲ့အခါ မင်းအနားမှာ မောင့်ရဲ့ချစ်လိပ်ပြာ
ဟိုသည် ပျံဝဲလို့နေချင်တာ ကြင်နာသူမေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ
ဟိုတုန်းကတို့များရဲ့ ချိုမျက်ဝန်းလွှာ နွေအိပ်မက်များထဲမှာ
တွေ့ကြမယ်နော် သီးခြားကမ္ဘာတစ်ခုမှာ

ဝေးသွားတဲ့အခါ ကိုယ့်နှလုံးသားထဲက ချစ်နှင်းဆီဟာ
(ကြင်နာသူအတွက် ရင်မှာ ကိုယ်အမြဲလွမ်းလို့နေဦးမယ်)
ပြန်ဆုံချိန်တိုင်း လန်းဆန်းမွှေးပျံ့စွာ အမြဲသာ
(အချစ်ရယ် ကိုယ့်အသည်းမှာ အို ... ကြင်နာမယ် အမြဲသာ)
ဝေးသွားတဲ့အခါ ပြန်တွေးတိုင်း သတိရနေမဲ့ ကြင်နာသူ
(ပြန်ဆုံချိန်ထိ ရင်မှာ ကိုယ်အမြဲ တမ်းတနေဦးမယ် အချစ်ရယ်)
အမှာစကားလေးများ ဆိုပါအသည်းရာ
(အို စကားလေးများဆိုပါ အသည်းရာ)

ဝေးသွားတဲ့အခါ ချစ်သစ္စာ စွဲမြဲထားဦးနော်
အို ... မေရယ် မမေ့နဲ့ ယုံကြည်ပါ ပြန်မဆုံခင်လေးသာ
တို့တွေ လွမ်းနေကြရတာ နောင်တစ်နေ့မှာ ပြန်တွေ့ကာ
ပျော်ရွှင်ရမှာ ကြင်နာသူမေ့မျက်နှာ
စွဲလန်းနေမြဲ မောင့်ရဲ့ရင်ထဲမှာ
ဝေးသွားတဲ့အခါ

Canzoni più popolari di Alex

Altri artisti di Sertanejo