မျှော်လင့်ချက်သာမထားခဲ့ရင်

မျှော်လင့်ချက်သာမထားခဲ့ရင် - အဲလက်စ်

မျှော်လင့်ရဲတဲ့ အချစ်တွေနဲ့
ရင်မှာချစ်ခဲ့ပြီးသည့်နောက်မှာ
ကြင်နာတတ်သော အသည်းဟာ
ဖြတ်တောက်မရတဲ့ ကြိုးတွေနဲ့
အခိုင်အမာ ရစ်ပတ်ငြိတွယ်ခဲ့ပြီပဲ

မှောင်မိုက်သော ငါ့ဘဝမှာလည်း
သူသာအလင်းတန်းလေးဖြစ်ခဲ့တယ်
ရင်ခုန်တတ်သော အချစ်သာ
ငါ့ရဲ့နှလုံးသားမီးအိမ်ငယ်
မျှော်လင့်ခြင်းနဲ့ တောက်ပ အသက်ဝင်ခဲ့

မျှော်လင့်ချက်သာ မထားခဲ့ရင်
ငါဒီလိုခံစားရမယ် မထင်ဘူး
မျှော်လင့်ချက်သာ မထားခဲ့ရင်
ငါဒီလိုငိုကြွေးရမယ် မထင်ဘူး ချစ်သူလေး
ငါဟာဘဝနဲ့ရင်းကာချစ်ခဲ့
ဘဝနဲ့ရင်းကာ ဆုံးရှုံးခဲ့လေရဲ့

အိမ်မက်ကလေးတစ်ခု မက်သလိုပဲ
အရာအရာအားလုံးပျောက်ပျက်လွင့်ပြယ်
ငါပိုင်ဆိုင်ခွင့်ရှိတာ
ဆုံးရှုံးခြင်းနဲ့ မျက်ရည်ပဲ
ကြင်နာခြင်းများမရှိရင် ငါ့ဘဝ အဓိပ္ပာယ်မဲ့

Canzoni più popolari di Alex

Altri artisti di Sertanejo